မိုင်းယု ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာကို ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးရှိုင်းပိုင်မှူးက ဖတ်ကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဇေယျကျော်ထင်စည်သူ ဦးအောင်အောင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက်၊ ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား မြို့မရဲစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်းက ဖတ်ကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခေတ္တမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများက တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကိုကိုနိုင်