ကျုံပျော် ဖေဖော်ဝါရီ ၇
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးဆောင်ကာ တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားကို ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ ဖေဖော်ဝါရီ ၆ ရက် နံနက် ၉ နာရီက ပြုလုပ်သည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက မိတ်ဆက်စကားပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုးက လူမှုဝန်ဆောင်မှုဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်စန်းက တိုင်းရင်းသားရေးရာကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန တိုင်းဦးစီးမှူးက TA/LT ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အသိပညာပေးပြောကြားကြသည်။
ယင်းနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး တက်ရောက်လာသည့် ကရင်တိုင်းရင်းသားလူမျိုးများထံမှ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်းများကောက်ယူခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)