မိုင်းရှူးမြို့နယ်တွင် အသက် (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး၊ ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အသက် (၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး၊ ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ‌ဆောင်ရွက်ခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း စျေးနှုန်းများ အဆမတန်မြင့်တက်မှု မရှိစေရေး ကြပ်မတ်စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း  အိမ်ဆောက်ပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းစျေးနှုန်းများ အဆမတန်မြင့်တက်မှု မရှိစေရေး ကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။

တံတားမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်‌ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ကျောင်းသူများ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေ ၄ နာရီက ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ကျိုင်းတုံမြို့၌ အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပေးဆွေးနွေးပွဲကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ဦးတည်အုပ်စုများအအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer JN1 ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)JN1 ထိုးနှံပေးခြင်းကို  ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်

ပျော်ဘွယ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (ရွှေပြည်ရန်နိုင်) တွင် ပြုလုပ်ခဲ့သည်။

နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ဇွန်လနောက်ဆုံးပတ်မှစတင်၍ နမ့်စန်မြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုတတ်သော အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်အတွက်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို  ယမန်နေ့မွန်းလွဲ ၁ နာရီက မိုင်းလပ်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နည်း သရုပ်ပြခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှဦးဆောင်၍ အမှိုက်များစွန့်ပစ်ရာတွင် စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်ရည်ရွယ်၍ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နည်းသရုပ်ပြခြင်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီက အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လေးမျက်နှာမြို့နယ်တွင် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုး‌ရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ကမ္ဘာ့‌‌ကျေးလက်ဖွံ့ဖြိုး‌ရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ‌‌လက်သမားကရင်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။
Subscribe to