သံဖြူဇရပ်မြို့နယ်၌ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက်  ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၃ ရက် နေ့နံနက်ပိုင်းကလူစည်းကား ရာနေရာများ၌ ဖြန့်ဝေသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ Government to Government စနစ်ဖြင့် ဆန်တင်ပို့ရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ပုသိမ်စက်မှုစီမံကိန်းသို့သွားရောက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ Government to Government စနစ်ဖြင့် ဆန်တင်ပို့ရန်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ (၂) ရက်နေ့မှစတင်၍ အဆိုပါတက္ကသိုလ်ရှိ ယာယီဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပလျက်ရှိရာ ပါမောက္ခချုပ်ဒေါက်တာအေးသက်သက်ဝင်းမှ ဘွဲ့ရရှိသူများအား ဘွဲ့များပေးအပ်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းမြို့၌ ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာ စောင်များကို စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ကိုင်းမြို့ရှိ ထုံးဘိုရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့၌ မဲရုံမှူးနှင့်ဒု-မဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် မဲရုံမှူးနှင့်ဒု-မဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းကို ဒီဇင်ဘာ (၂) ရက် နံနက် (၁၀) နာရီတွင် မိုးကောင်းမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကန့်ဘလူမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး Door to Door စနစ်ဖြင့် ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း မဲစာရင်းမှန်ကန်ပြည့်စုံစေရေးအတွက် Door to Door စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းများကို နိုဝင်ဘာ ၂၆ ရက်မှစတင်ကာ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ရပ်ကွက်နှင့်ကျေးရွာများ၌ မဲစာရင်းများကို နေ့စဥ်ကွင်းဆင်းတိုက် ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖားကန့်မြို့၌ (၂၇)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာနုဂ္ဂဟစာမေးပွဲကျင်းပ

(၂၇) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဝိနယာနုဂ္ဂဟစာ‌မေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာ မေဓိကာရာမပရိယတ္တိစာသင်တိုက်၌ ကျင်းပရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကဝိသာရ၊ ဝိနယာနုဂ္ဂဟစာမေးပွဲကျင်းပရေး‌ ‌ဦးစီးပဓာန နာယက ဆရာတော်ကြီးများနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ တက်ရောက်လာကြသည့် ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့မှ နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားနှင့် အားကစားပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

တာမွေမြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ယနေ့ နေ့လယ်ပိုင်းအချိန်က တာမွေမြို့နယ်အတွင်းရှိ ပြည်သူများထံ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် လူရည်ချွန်စာမေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်‌ရေးစစ်ဆေးခြင်းစာမေးပွဲကို ဒီဇင်ဘာ ၃ ရက်နေ့နံနက်ပိုင်းမှစတင်၍ မြစ်သားမြို့ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to