ပူတာအိုမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုမြို့၌ ၂၀၂၅-ခုနှစ် ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေ စီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ(၂)ရက်က စတင်ဆောင်ရွက်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ တိုင်းရင်းဆေးဆရာအသင်းနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ပြည်သူများအားကျန်းမာရေးအသိပညာဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ တိုင်းရင်းဆေးဆရာအသင်းနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ပြည်သူများအားကျန်းမာရေးအသိပညာ‌ ပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းများကို ယနေ့နံနက် ၉ နာရီက စောရန်ပိုင်အနောက်ရပ်ကွက်၊ စကားစိမ်းလမ်းရှိ သာသနာ့အလင်းရောင်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြစ်သားမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ပြည့်စုံမှုရှိနိုင်ရေး  door to door စနစ်ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ မြစ်သားမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်ပါ၍  မြစ်သားမြို့နယ်အတွင်းရှိ  ရေဝန်းကျေးရွာအုပ်စု၊ ရွာရှည်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအုပ်စု၊ ကသဲကုန်းကျေးရွာအုပ်စု၊ လက်ပံဆိပ်ကျေးရွာအုပ်စုများနှင့် မြို့ပေါ်ဘူတာရပ်ကွက်ကြီးသို့ ဒီဇင်ဘာ ၃ ရက်နေ့ နံနက်   ၁၂ နာရီခွဲက ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးပွဲကောက်ပွဲ အပိုင်း (၃) တွင် မဲပေးနိုင်ရေးအတွက် မဲစာရင်းဆိုင်ရာမှန်ကန်ပြည့်စုံနိုင်ရေး (door to door) စနစ်ဖြင့် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်‌ဆေးခြင်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြစ်သားမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ပြည့်စုံမှုရှိနိုင်ရေး door to door စနစ်ဖြင့် မြေပြင်ကွင်းဆင်း ကြည့်ရှု‌စစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ မြစ်သားမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေး‌ကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်ပါ၍ မြစ်သားမြို့နယ်အတွင်းရှိ  ရေဝန်းကျေးရွာအုပ်စု၊ ရွာရှည်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအုပ်စု၊ ကသဲကုန်းကျေးရွာအုပ်စု၊  လက်ပံဆိပ်ကျေးရွာ အုပ်စုများနှင့် မြို့ပေါ်ဘူတာရပ်ကွက်ကြီးသို့ ဒီဇင်ဘာ ၃ ရက်နေ့ နံနက်   ၁၂ နာရီခွဲ အချိန်က ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးပွဲကောက်ပွဲ အပိုင်း(၃)တွင် မဲပေးနိုင်ရေးအတွက် မဲစာရင်းဆိုင်ရာမှန်ကန်ပြည့်စုံနိုင်ရေး (door to door)စနစ်ဖြင့် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်‌ဆေးခြင်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ ဆောင်းဆီထွက်သီးနှံ မြေပဲစိုက်ပျိုးထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဂွေးတောက်ခင်ကျေးရွာ၊ ရှမ်းစုစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသားများက ဆောင်းဆီထွက်သီးနှံမြေပဲ စိုက်ပျိုးထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အပြည်အပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားသို့ တက်ရောက်

“လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့အစည်းများ မြှင့်တင်ပေး”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ယနေ့တွင် ကျရောက်သည့် အပြည်အပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဖြူးမြို့နယ်၌ သမဝါယမကဏ္ဍ ဆောင်းသီးနှံစိုက်ပျိုးထားမှု အခြေအနေများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းတွင် စီမံကိန်း ​​ဆောင်းသီးနှံစိုက်ပျိုးထားမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများ  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း မိုးစပါး ၂၁၂၄၇ ဧကပြန်လည်ရိတ်သိမ်းပြီးစီးပြီး တင်းပေါင်း ၁၄၈၁၃၂၈ ထွက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးလျက်ရှိရာ ၂၀၂၅- ၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ၁၅၀၉၈၆ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ မိုးစပါး ၂၁၂၄၇ ဧက ပြန်လည်ရိတ်သိမ်းပြီးစီးပြီး တင်းပေါင်း ၁၄၈၁၃၂၈ တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအဆင့် National ICT Awards-2025 (Educational Project & Skills Competition) ပြိုင်ပွဲအခမ်းအနားတက်ရောက်

တိုင်းဒေသကြီးအဆင့် National ICT Awards-2025 (Educational Project & Skills Competition) ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

နောင်မွန်းမြို့တွင် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အပြည့်အဝရရှိစေရေး နယ်မြေကွင်းဆင်း၍ တိုက်ဆိုင်စီစစ်ပေးလျက်ရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသား‌ရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲဆန္ဒရှင်အမည်စာရင်း၌ ပါသင့်ပါထိုက်သူများမကျန်ရှိစေရန်နှင့် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ပါရှိနိုင်စေရန်အတွက် ဒီဇင်ဘာလ ၁ ရက်မှစတင်၍ သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ကွင်းဆင်း၍တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးပေးလျက်ရှိသည်။
Subscribe to