မင်းလှမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း(ကပ်ကျော်) ကျောင်းဆောင်သစ် ဖွင့်လှစ်

မင်းလှ ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊  ရွေးကုန်းအုပ်စု၊ ကပ်‌ကျော်ကျေးရွာတွင် အခြေခံပညာမူလတန်းကျောင်း(ကပ်ကျော်)ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က ပြုလုပ်သည်။

‌အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်ခင်သန္တာမိုးက ကျောင်းဆောင်သစ်ဆောက်လုပ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ  ကျောင်းအုပ်ဆရာမကြီးဒေါ် မေသူအေးက ကျောင်းသား/သူ မိဘများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့်အဖွဲ့ဝင် ဦးလှဌေး၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးတို့က ကပ်ကျော်အခြေခံပညာမူလတန်းကျောင်း (၆၀"× ၃၀") RCC (၁)ထပ် ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမွေးနံ့သာရည်များဖြင့် ပတ်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။

ပေါက်စ(မင်းလှ)