အင်တော ဖေဖော်ဝါရီ ၁၁
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ဖြန့်ဝေခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်လှလှထွေးနှင့် ဝန်ထမ်းများက အင်တောမြို့ အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများထံသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) က ထုတ်ဝေသည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ကျောင်းသားလူငယ်များအား ခိုင်မြဲသော ပြည်ထောင်စုစိတ်ဓာတ် အစဉ်ထက်သန်နိုးကြားနေစေရန်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို သိရှိပြီး နိုင်ငံတော်ထာဝရငြိမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်စေရန်နှင့် နေ့ထူးနေ့မြတ်များကို သိရှိစေရန်တို့ကိုရည်ရွယ်၍ ဖြန့်ဝေခြင်းဖြစ်သည်။
အဆိုပါလက်ကမ်းစာစောင်တွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များနှင့် ပြည်ထောင်စုနေ့ဆောင်ပုဒ်၊ သမိုင်းဝင်ပြည်ထောင်စုစာချုပ် အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၂၀.၁.၁၉၄၆ ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား (၁၅.၁၀.၂၀၂၅) ရက်နေ့တွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ဘိုမျိုး(ရွှေဘို)၏ နှင်းရည်ဆွတ်ဖျန်း ပွင့်ပန်းစုံညီကဗျာစသည်တို့ ပါဝင်ကြောင်း သိရသည်။
အင်တော(ပြန်/ဆက်