လွိုင်လင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် ကျန်းမာရေးဌာနတို့က ယနေ့နံနက်ပိုင်းမှစတင်၍ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Pfizer JN-1 ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျှက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများသည် ယမန်နေ့က ငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်းသို့ ရောက်ရှိရာ Modular House များဖြင့် အမျိုးသား/အမျိုးသမီးအိမ်ဆောင်များ တည်ဆောက်ထားရှိမှု၊ ဂျပန်-မြန်မာအကြောပြင်ပညာသင်ကြားပေးနေမှု၊ အခြေခံပညာသင်ကြားပေးနေမှုများနှင့် ကွန်ပျူတာပညာသင်ကြားပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မင်းလှမြို့၌ ဆီထွက်သီးနှံ နှမ်းစိုက်ခင်းများတွင် သဘာဝရွက်ဖျန်းအားဆေးပက်ဖျန်းနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ညောင်ပင်သာကျေးရွာ နှမ်းစိုက်ခင်းများတွင် သဘာဝရွက်ဖျန်းအားဆေး ပက်ဖျန်းနေမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတက်ရောက်

၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နှစ် ၇၀၀ ပြည့်၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ အားကစားရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ Gender ၊ Cedaw ၊ Nspaw အသိပညာပေးဆွေးနွေးပွဲကို ဇူလိုင် ၃ ရက်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ၊ Community Center ၌ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ စျေးကွက်အတွင်း “အသင့်ဖျော်ကော်ဖီ နှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး” ရောင်းချခြင်းရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စျေးကွက်အတွင်း “အသင့်ဖျော်ကော်ဖီ နှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး” ရောင်းချခြင်းရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်(၁၁)နာရီက ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က  မြို့ပေါ်ရပ်ကွက် ( ၄ )ခု၌ ဆောင်ရွက်ခဲ့သည်။

သထုံမြို့၊ မော်ကျော့အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ မော်ကျော့ အခြေခံပညာမူလတန်း‌ကျောင်း၌ အသိပညာပေးဟောပြောခြင်း၊ စာအုပ်စာစောင်နှင့် နံရံကပ် စာစောင်ပြသခြင်း အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ် စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း  နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက (အ.မ.က) ကဒါအထက်ကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ‌၌ ယမန်နေ့က အခြေခံပညာ (အ-ထ-က)သရက်ချောင်း‌ကျောင်းမှ ကျောင်းသား/သူများဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
Subscribe to