ပေါင်းတည် ဖေဖော်ဝါရီ ၁၁
၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီလ ၁၂ ရက်တွင်ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုစတာဘုတ်စိုက်ထူဖွင့်လှစ်ပွဲအခမ်းအနားကို ပေါင်းတည်မြို့နယ်၊ ဈေး(၂)ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ မြို့ကျက်သရေဆောင် မင်းလက်ယာ-မင်းလက်ဝဲစေတီအနီးတွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဖွင့်လှစ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြပြီး ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာအသင်းအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပိုစတာဆိုင်းဘုတ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့၏ အမျိုးသားရေးဦးတည်ချက် (၅) ရပ်နှင့် ပြည်ထောင်စုသားတိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူလက်တွဲဆောင်ရွက်လျက်ရှိသည့် ပုံရိပ်များ ဖော်ပြထားခဲ့သည်။
ရွှေသား