မိုင်းရယ်၌ MEVM (မြန်မာအီလက်ထရောနစ်မဲ‌ပေးစက်) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

မိုင်းရယ် ဇူလိုင် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် MEVM (မြန်မာအီလက်ထရောနစ်မဲ‌ပေးစက်) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက နမ့်ရယ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအာင်က မဲရုံအသီးသီးတွင် မဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဆင့်ပွားသင်တန်းကို မပျက်မကွက်တက်ရောက်၍ နည်းစနစ်တကျသင်ကြားစေလိုကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအမှားများကို သင်ခန်းစာယူ၍ လာမည့်ရွေးကောက်ပွဲတွင် မှန်မှန်ကန်ကန် အောင်မြင်စွာကျင်းပနိုင်ရေး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူး‌ပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်နှင်းနှင်းအောင်က မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာများကို ပါဝါပွိုင့် (power point) ဖြင့် ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စမ်းသပ်မဲ‌ပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် ဆင့်ပွားသင်တန်းပို့ချခြင်းကို ဆက်လက်‌ဆောင်ရွက်ရာ ပထမအသုတ် ဆရာ၊ ဆရာမများ တက်ရောက်ကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများက မဲပေးစက်အသုံးပြုခြင်းဆိုင်ရာများကို သင်ကြားပို့ချသည်။

မိုင်းရယ်မြို့နယ်တွင် မှတ်ပုံတင်ထားသည့်ပါတီ ၃ ပါတီ(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)ရှိပြီး မဲရုံ ၂၉ ရုံဖြင့် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)