ကန့်ဘလူခရိုင် စုပေါင်းရုံး၌ နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများ စျေးနှုန်းချိုသာစွာရောင်းချ

ကန့်ဘလူ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ စီစဥ်ကြီးကြပ်မှုဖြင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ ပူးပေါင်းအဖွဲ့က နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများကို အလွယ်တကူဝယ်ယူနိုင်ရေးနှင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ယမန်နေ့နံနက်က ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီ ၅၀ ကျပ်သားအား ငွေကျပ် ၃၇၂၅ နှုန်းဖြင့် စားအုန်းဆီ ပိဿာ ၆၁၀ ကို စနစ်တကျ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း