မိုင်းပန်မြို့နယ်၌ လယ်ယာမြေရေကြီးနစ်မြုပ်မှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မိုင်းပန် ဇူလိုင် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့်၊ နမ့်ပန်ချောင်းရေတက်လာပြီး လယ်ယာမြေရေကြီးနစ်မြုပ်မှုခံရသည့် တောင်သူတို့၏ကွင်းများသို့ သက်ဆိုင်ရာတာဝန်ရှိသူများ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါရေကြီးနစ်မြုပ်ရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။ မြို့နယ်အတွင်း ကျေးရွာအုပ်စု(၈)စု၊ ကွင်းပေါင်း(၂၈)ကွင်း၌ ကွင်းဆင်းစစ်ဆေးခဲ့ရာ တောင်သူတို့၏ မိုးစပါးလယ်ယာမြေ (၇၄၇.၁၇၄)ဧက ထိခိုက်ခဲ့ပြီး (၁၃၀.၁၆၀)ဧကပျက်စီး၍ ပဲပုတ်(၇၂.၅၉)ဧက ထိခိုက်ခဲ့ပြီး (၃)ဧကပျက်စီးရာ မိုးသီးနှံ စုစုပေါင်း (၈၁၉.၇၆၄)ဧကထိခိုက်ခဲ့ပြီး (၁၃၃.၁၆၀)ဧက ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးနိုင်ဝင်းထွန်း(အငယ်တန်းစာရေး) ထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)