မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသဆောင်ရွက်

မြစ်သား ဇူလိုင်   ၂၂               

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မင်းကုန်းရပ်ကွက်အတွင်းရှိ ပြည်သူများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများက (အခမဲ့) နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကုသပေးခဲ့ကြောင်း သိရသည်။

ထိုသို့ နယ်လှည့်ကွင်းဆင်းကျန်းမာရေးကုသဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။ ဆက်လက်၍ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများက မင်းကုန်းရပ်ကွက်အတွင်းရှိ‌ အ‌‌ထွေထွေ‌ရောဂါလူနာများ၊ ကိုယ်ဝန် ဆောင်နှင့် သားဖွားမီးယပ်လူနာများ၊ အရိုးအကြောနှင့် ပတ်သက်သည့် လူနာများ စုစုပေါင်း (၁၅၀) ဦးကို ကျန်းမာရေးကုသဆောင်ရွက်‌ပေးခဲ့ပြီး မင်းကုန်းရပ်ကွက်အတွင်းရှိ ပြည်သူများအား သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နိုင်ရန် ကျန်းမာရေး အသိပညာ‌ပေး ဟောပြောခဲ့‌ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)