အထက(၁) ကန့်ဘလူ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

ကန့်ဘလူ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲများတွင် စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ ၅၄ ဦး၊ အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ ၅၀ ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းဆင့် ၂၉ ဦး၊ အလယ်တန်းဆင့် ၄၆ ဦး၊ ပန်းချီပြိုင်ပွဲတွင် အထက်တန်းဆင့် ၁၉ ဦး၊ အလယ်တန်းဆင့် ၃၆ ဦး စုစုပေါင်း ၂၃၄ ဦးတို့က “နိုင်ငံတကာစာတတ်မြောက်ရေးနေ့” ခေါင်းစဥ်ဖြင့် အသီးသီးဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)