ကော့ကရိတ်မြို့၌ ကရင်ရိုးရာယဉ်ကျေးမှုဒုံးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် အစည်းအဝေးပြုလုပ်

ကော့ကရိတ် စက်တင်ဘာ ၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကရင်စာပေနှင့်ယဉ်ကျေးမှုအား ထိန်းသိမ်းရေး၊ ရိုးရာယဉ်ကျေးမှု မပျောက်ကွယ်ရေးအတွက် ရိုးရာယဥ်ကျေးမှုဒုံးပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီအစည်းအဝေးကို ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ယနေ့ နံနက်( )နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝေက ပြည်နယ်တွင် နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိသည့် ကရင်နှစ်သစ်ကူးနေ့တွင် မိမိတို့မြို့နယ်အနေဖြင့် ကရင်ရိုးရာဒုံးအက ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းပေါင်းစပ် ဆောင်ရွက်သွားမည့် အစီစဉ်များကို ဦးစွာဆွေးနွေးပြောကြားသည်။

ထို​နောက် ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ စောကျော်ဝင်းက ကရင်စာပေနှင့်ယဉ်ကျေးမှု ရိုးရာဒုံးပြိုင်ပွဲအတွက် ယခင်နှစ်ဆောင်ရွက်ချက်များနှင့် ယခုနှစ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ကရင်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်များမှ   ရိုးရာယဉ်ကျေးမှုများ မပျောက်ကွယ်ရေးအတွက်  ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များကို ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကော့ကရိတ်ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)