မြင်းခြံမြို့၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှိုက်လံနှိုးဆော်

မြင်းခြံ ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှိုက်လံနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများကရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ရေကြီးခြင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ‌ရေကြီးခြင်း ဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက်ပြုလုပ်ရန်အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များ၊ ကျန်းမာရေးနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ ဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များအား မြစ်ရေဝင်ရောက်သည့် ရပ်ကွက်/ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်အတွင်း ချောင်းရေဝင်ရောက်သည့်နေရာများရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လိုက်လံနှိုးဆော်ခဲ့ပြီး ရေဘေး အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)