သတင်းများ

ပွင့်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ မိုးနှမ်းစိုက်ခင်းများ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီး၊ နှမ်းဈေးကောင်း၍ တောင်သူများ သီးနှံဝင်ငွေကောင်း၍ အကျိုးအမြတ်ရရှိ
Sep 20,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံနှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နေ့စားအလုပ်သမားများ ငှားရမ်း၍ ဩဂုတ်လပထမပတ်က စတင်ရိတ်သိမ်းလျက်ရှိရာ စက်တင်ဘာ ၁၅ ရက်နေ့တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်းနှင့် ယခုနှစ်တွင် နှမ်းဈေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
တနင်္သာရီမြို့နယ်၌ ကျောင်းသူ/သားများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းနှင့် ဓါတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ
Sep 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသူ/သားလူငယ်လူရွယ်များ ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းနှင့်ဓါတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစ၍ အ.ထ.က-တနင်္သာရီ ပညာရတနာခန်းမအတွင်း ကျင်းပပြုလုပ်သည်။
မှော်ဘီမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Sep 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သာပေါင်းမြို့နယ်တွင် ကျေးရွာချင်းဆက် တံတားပျက်စီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
Sep 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေ မြင့်တတ်လာမှုကြောင့် ဒည်ကုန်း‌ကျေးရွာအုပ်စုရှိ ကျေးရွာချင်းဆက် တံတားပျက်စီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
မြဝတီမြို့ရှိ အခြေခံပညာကျောင်းများ၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးအရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 20,2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးအတွက် ဌာနဆိုင်ရာအလိုက် လစဉ်အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၃၂) မူးယစ်တပ်ဖွဲ့စု(မြဝတီ)နှင့် အမှတ်(၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မြဝတီ)တို့ ပူးပေါင်း၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲ မုံရွာမြို့တွင် ကျင်းပ
Sep 20,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးပြီး ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲ. အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ငပုတောမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ်ပထမ (၃) လပတ်အတွက် MCCT ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Sep 20,2023
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ငပုတောမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ်ပထမ (၃) လပတ်အတွက် MCCT ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ရပ်ကျေးစာရေးများ ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်
Sep 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီချိန်ခန့်က အဆိုပါဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။