ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်

ကျောင်းကုန်း စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီချိန်ခန့်က အဆိုပါဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးရခြင်းအကြောင်း ရှင်းလင်းပြော ကြားခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွဲဝေဖြန့်ဖြူးထားသော နွားစာအိတ် (၂၅) ကီလိုဂရမ်အိတ် (၂၀) နှင့်ဝက်စာအိတ် (၅) ကီလို ဂရမ်အိတ် (၁၀၀) တို့ကို မြို့နယ်အတွင်းရှိ မွေးမြူတောင်သူ (၂၅) ဦးအားထောက်ပံ့ပေးအပ်ခဲ့ သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုး ဝင်း၊မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဝင်ဌာနဆိုင်ရာများ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများ၊ မွေးမြူတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)