ငပုတောမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ်ပထမ (၃) လပတ်အတွက် MCCT ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ငပုတော စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ငပုတောမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ်ပထမ (၃) လပတ်အတွက် MCCT ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ရပ်ကျေးစာရေးများ ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြိုနယ်ဦးစီးမှူး ဒေါ်မြတ်စုမွန်က MCCT ထောက်ပံ့ပေးအပ် ရခြင်းအကြောင်းရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များက ထောက်ပံ့ငွေများအား ​တာဝန်ရှိသူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)