ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲ မုံရွာမြို့တွင် ကျင်းပ

မုံရွာ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူးပြီး ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဦးစွာ မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက   ကလေးဟုခေါ်သော အရွယ်သတ်မှတ်ချက်၊ အသက် ၁၄ နှစ်အောက် ကလေးငယ်များအား  လုံးဝအလုပ်မခိုင်းစေရေး၊ ပညာသင်ကြားသည့်အရွယ်တွင်ပညာကိုသာ စိတ်ဝင်တစားသင်ကြားကြရန်၊ ကလေးငယ်များအား အလုပ်သမားအဖြစ် မခိုင်းစေရေးမိဘများအား အသိပညာပေးရန်၊  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကြောင်းအရာများ၊ စသည်တို့အား ဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ဖြည့်ဆွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဟောပြောပွဲသို့ မုံရွာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့ပြီး  တက်ရောက်လာကြသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသခြင်း၊  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလုပ်ငန်းကော်မတီကထုတ်ဝေသည့် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးဇေယျာရွှေမြေ လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)