တောင်ငူမြို့ ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Sep 21,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့၊ နေ့လယ် (၁) နာရီခွဲအချိန်က တောင်ငူမြို့၊ ကန်ရိုးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။