သာပေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

သာပေါင်း စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ဆက်လက် ထုတ်ချေးပေးနေလျက်ရှိသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မန်နေဂျာ ဒေါ်မြင့်မြင့်သန်းက တောင်သူများအား မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊ တစ်နှစ် ၅% အတိုးဖြင့် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း၊ ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေ များ အချိန်မီပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေ များကို အကျိုး ရှိစွာ သုံးစွဲစေရေးတို့ကို ရှင်းလင်းမှာကြားခဲ့ပြီး ဇီးဖြူကွင်းကျေးရွာအုပ်စုမှ မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၅)ဦး အား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၁၅)ဧကအတွက် (၂၂၅၀၀၀၀)နှစ်ဆယ် နှစ်သိန်း ငါးသောင်းကျပ်၊ သစ်ပုတ်ကုန်းကျေးရွာအုပ်စုမှ မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၂၄)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၁၉၃)ဧကအတွက် (၂၈၉၅၀၀၀၀)နှစ်ရာ ရှစ်ဆယ်ကိုးသိန်း ငါးသောင်းကျပ်၊ ဇီးပင်ကွင်း ကျေးရွာအုပ်စုမှ မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၃၈)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၂၄၇)ဧကအတွက် (၃၇၀၅၀၀၀၀) သုံးရာ ခုနှစ်ဆယ် ငါးသောင်းကျပ်၊ ရွှေဇံအိုး ကျေးရွာအုပ်စုမှ မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၁၆)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၉၄)ဧကအတွက် (၁၄၁၀၀၀၀၀)တစ်ရာ လေးဆယ်တစ်သိန်းကျပ်၊ပေါင်း မိုးစိုက်ပျိုး စရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၈၃)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၅၄၉)ဧကအတွက် (၈၂၃၅၀၀၀၀) ရှစ်ရာနှစ်ဆယ်သုံးသိန်းငါးသောင်းကျပ်တို့ကို မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူများ လက်ဝယ်အရောက်ထုတ်ချေးပေးခဲ့သည်။

နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီး ရရှိစေရေး အတွက် နှစ်စဉ်ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား မေလမှ စက်တင်ဘာလ အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့်လည်း အချိန်မီ ပေးဆပ်ပြီးသည့် တောင်သူများနှင့် ကိုဗစ် ချေးငွေပါ ပြေကြေပြီးသည့် တောင်သူများအား ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့်ကျေးရွာအုပ်စု(၆၈)အုပ်စု၊ စိုက်ပျိုးဧက(၃၆၅၀၀)ဧက၊ ချေးငွေ(၅၄၇၅၀၀၀၀၀၀)ကို ထုတ်ချေးပေးထားရန် လျာထားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ် ဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်မြင့်မြင့်သန်းထံမှ သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်