သတင်းများ

ကြံခင်းမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး
Sep 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက (အ.ထ.က-၂) ကျောင်းနှင့် (အ.မ.က)မြို့မမြောက်ကျောင်း ဆေးထိုးစုရပ်တို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မင်းတုန်းမြို့တွင် ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးရန် ကော်ဖီပင်၊ မြေပဲမျိုး၊ မြေပဲမျိုးစေ့ချကိရိယာနှင့် ဓါတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Sep 20,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ဘိန်းအစားထိုးသီးနှံအတွက် ကော်ဖီပင်၊ မြေပဲမျိုး၊ မြေပဲမျိုးစေ့ချကိရိယာနှင့် ဓါတ်မြေဩဇာပေးအပ်ပွဲအခမ်းအနား ကျင်းပရာ ဌာနဆိုင်ရာများနှင့် ဝက်ကော်ကျေးရွာအုပ်စုနှင့် မြင်းကွေ့ကျေးရွာအုပ်စုရှိ တောင်သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးက ဘိန်းအစားထိုး သီးနှံအတွက် ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဆွေးနွေး
Sep 20,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန (မန္တလေး)တို့ ပူးပေါင်း၍ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်း (၂/၂၀၂၃) တွင် မူယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ပါသည်။
ဂန့်ဂေါမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 20,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စည်ပင်)တို့ပူးပေါင်း၍ “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ”ကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးစပါးစံပြကွက်(၁၅၀)ဧကအတွင်း သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ အချိုးကျရောစပ် ကြဲပက်
Sep 20,2023
ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံပြကွက်(၁၅၀)ဧကအတွင်း သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာရောစပ်ကြဲပက်ခြင်း၊ ကြားပေါင်းလိုက်ခြင်းကွင်းသရုပ်ပြပွဲနှင့် မိုးစပါးစိုက်တောင်သူများအား မြေဩဇာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခန့်က လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ ကွင်းအမှတ်- ၁၄၂၄(ခ)၊ ထီလုံအလယ်ကွင်း၊ တောင်သူဦးရာမူးပါ ၂၅ ဦး၏မိုးစပါးစိုက်ခင်း၌ ကျင်းပခဲ့သည်။
မိုးကောင်းမြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Sep 20,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီတွင် အထက(၁) ကျောင်း မဉ္ဇူသကခန်းမ၌ ကျင်းပခဲ့သည်။
ကမမောင်းမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်
Sep 20,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ အသက် (၉) နှစ် ပြည့်ပြီး (၁၂)နှစ် မကျော်သေးသည့် မိန်းကလေးများအားလုံးကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေး (HPV) စနစ်တကျ စတင်ထိုးနှံနိုင်ရေး အခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
စစ်ကိုင်းမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ
Sep 20,2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖတိတီးပေးရေးလုပ်ငန်းကော်မတီနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ တန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။