မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဆွေးနွေး

မန္တလေး စက်တင်ဘာ ၂၀

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန (မန္တလေး)တို့ ပူးပေါင်း၍ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်း (၂/၂၀၂၃) တွင် မူယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါး သုံးစွဲပါက ကိုယ်၊ စိတ်ထိခိုက်မှုများ၊ မူးယစ်ဆေးကို ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မူးယစ်ဆေးစွဲပါက စနစ်တကျ ဆေးဖြတ်ရမည့် နည်းလမ်းများ၊ လူ့ဘောင်ဝန်းကျင်တွင် ဝင်ဆန့်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များ၊ မူးယစ်ဆေး ပြန်လည်မသုံးစွဲမိစေရေးအတွက် နေထိုင်ကျင့်ကြံ ပြုမူသင့်သည့် အချက်များ အစရှိသည်တို့ကို ဆွေးနွေးပါသည်။

အဆိုပါသင်တန်းကို ရက်ပေါင်း(၉၀)ရက် ဖွင့်လှစ်ထားရှိပြီး သင်တန်းသား(၉)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

မြင့်မြင့်သန်း(ပြန်/ဆက်)