မြစ်သားမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UIDကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

မြစ်သား ဇူလိုင်၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူ ဖြစ်စေရေးအတွက် နံပါတ်ဆယ်လုံးပါ UID ကတ်များကို နေ့ချင်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦး စီးမှူးရုံး ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူ ဖြစ်စေရေးအတွက် နံပါတ်ဆယ်လုံးပါ UIDကတ်များကို နေ့ချင်းပြီးကွင်း ဆင်းဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြစ်သားမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်း၊ လက်ထောက်မြို့နယ်မှူး ဦးထွန်းနိုင်ဦးနှင့် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဦးအောင်မင်းနှင့်အတူ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)