မော်လမြိုင်ကျွန်း ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် သဘာဝဘေးအန္တရာယ် အသိပညာပေးလမ်းကမ်းစာစောင်များ ကိုယမန်နေ့နံနက် (၁၀)နာရီအချိန်က လူများစည်းကားရာနေရာ ဖြစ်သော သောင်းတိုးမြေ၊ ကမ်းနားမော်တော်ယာဉ် ဆိပ်တို့တွင်ဖြန့်ဝေခဲ့သည်။
အဆိုပါလုပ်ငန်းစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာလင်း ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက ဇူလိုင်လ ၂၉ ရက်နေ့တွင် ဖြစ်ပေါ်လာနိုင်သော လေပြင်းမုန်တိုင်း ဘေးအန္တရာယ်ကာကွယ်ရန်၊ မုန်တိုင်းမကျရောက်မှီ ကြိုတင်ပြဆင်ရန်၊ မုန်တိုင်းဖြစ်ပွားပြီးချိန်တွင် လုပ်ဆောင်ရမည့် အချက်များ၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေ ချိန်ရှောင်ရှားသင့်သည်အချက်များ၊ မုန်တိုင်းဖြစ်ပေါ် ပြီးချိန်တွင်ပြုလုပ်ရန်အချက်များ၊ လေပြင်းတိုက်ခတ်စဥ် မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်းဖြစ်ပေါ်ပါက သတိပြုလိုက်နာရန်အချက်များ၊ လေပြင်းတိုက်ခတ်နေစဥ် သတိပြုလိုက်နာရန် အချက်များစသည့် မုန်တိုင်းဘေးအသိပညာပေးနှင့် လေပြင်းဘေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ရဲကိုမောင် (ပြန်/ဆက်)