မော်လမြိုင်ကျွန်း ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား Biometric အချက်အလက်နှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၅) ရပ်ကွက်၊ ၁၃ လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးစောဝဏ္ဏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များ (Biometric) ကောက်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ၎င်းတို့ထံမှ e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူကာ ဂဏန်း (၁၀) လုံးပါ (Unique ID) နံပတ်ထုတ်ပေးခြင်းနှင့် Smart Card ထုတ်ပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင်