နမ့်စန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဘဝအတွက်တာကျွမ်းကျင်စရာ သင်တန်းဆွေးနွေးပွဲ ဆောင်ရွက်

နမ့်စန်(တ) စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် တောင်ကြီးမြို့နယ်အခြေစိုက် ‘ကမ်းလက်မေတ္တာ’ လူမှုဖွံ့ဖြိုးရေးအဖွဲ့က ဆောင်ရွက်သည့် ဘဝအတွက်တာကျွမ်းကျင်စရာ သင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆွေးနွေးပွဲတွင် ကမ်းလက်မေတ္တာ လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ စီမံကိန်းအရာရှိ ဦးစောအယ်သာတော ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ကိုယ်စားပြုမှုနှင့် ကလေးအလုပ်သမားလျော့ကျရေးဆိုင်ရာများကို   ဆွေးနွေးပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းဆွေးနွေးပွဲကို အမျိုးသမီးများနှင့်ကလေးငယ်များ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက်ထိ (၃)ရက်ကြာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကာ ရပ်ကွက်နှင့်ကျေးရွာများမှ စိတ်ပါဝင်စားသူ သင်တန်းသားသင်တန်းသူ စုစုပေါင်း၃၁ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သူရအောင်(နမ့်စန်)