ပဲခူးမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် ပဲခူးမြို့အမှတ်()အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်း YMBA ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်နီလာကြည်က အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုနွယ်ဦးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပဲခူးမြို့၊ အမှတ်()မူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်သန္တာထွေးက  ကလေးသူငယ်ရရှိနိုင်သည့်အခွင့်အရေးများ၊ လိုက်နာရမည့်ကျင့်ဝတ်စည်းကမ်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါအကြောင်းအရာများနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းရာ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီးတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)