ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်‌နေ့မွန်းလွဲ ၃ နာရီက စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး Book Club အသင်းမှ အဖွဲ့ဝင်ဦးတင်လှိုင်(မြိုင်တင်လှိုင်)က စာရေးဆရာမခင်‌စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ စာအုပ်ထဲမှ “သိုက်မြုံမှခွာသောအခါခေါင်းစဉ် ဖြင့်လည်းကောင်း၊ Book Club အသင်းမှ အဖွဲ့ဝင်ဦးစိန်လှက “စွန့်စားမှုဆီသို့ခြေတစ်လှမ်းခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Youth Club အသင်းမှ အဖွဲ့ဝင်ဒေါ်သန်းသန်းက “အမုန်းကိုဆန့်ကျင်ပြီး အချစ်နှင့်ပေါင်းစည်း၍”ခေါင်းစဉ်ဖြင့်အသီးသီးဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ Book Club အသင်းမှ အဖွဲ့ဝင်ဦးတင်လှိုင်(မြိုင်တင်လှိုင်)ကသားသမီးများငယ်စဉ်က သဲပုံမှာအိမ်ဆောက်တမ်းကစားကြတာကို မှတ်မိကြမယ်ထင်ပါကြောင်း၊ လျှပ်စီးတွေလက်ပြီး မိုးတွေထစ်ချုန်းတဲ့ညတွေမှာ ကြောက်တယ်လို့အော်ကြပြီး အဖေ၊အမေတို့ရဲ့ရင်ခွင်ထဲကို တိုးဝင်ခဲ့ကြတာကို လည်းမှတ်မိနေမှာပါ၊ သူတို့မူကြိုကျောင်းကိုစတက်ရတော့မယ်ဆိုတော့ သူတို့ကဂုဏ်ယူဝင့်ကြွားပြီးစိတ် အားတွေထက်သန်နေကြကြောင်း၊ ဒါပေမဲ့ကျောင်းကိုရောက်ပြီး မိနစ်ပိုင်းအတွင်းမှာအမေနဲ့ခွဲရမှာမို့ ငိုမဲ့မဲ့ဖြစ်ကုန်ကြကြောင်း၊ သားသမီးတွေအဝေးကိုထွက်သွားတဲ့အခါ မိဘတွေအဖို့တစ်ဦးနှင့်တစ်ဦးပိုပြီးတွယ် တာလာကြပြီး ရင်ခွင်ထဲမှာထွေးပိုက်ခဲ့ကြတဲ့နီတာရဲလေးတွေ၊ အဖာအထေးတွေနဲ့ဂျင်းဘောင်းဘီတွေ၊ ဝက်သက်ပေါက်ကြတဲ့အချိန် သူတို့နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို အတူတကွလွမ်းတမိပါကြောင်း၊ ဂုဏ်ယူခြင်းတစ်ဝက်၊ စိတ်မကောင်းခြင်းတစ်ဝက်နဲ့ပဲ သားသမီးတွေကိုအဝေးကပဲလှမ်းကြည့် ရကြောင်း၊ သားသမီးတွေပထမဦးဆုံး စွန့်စားပြီးခွဲထွက်သွားတုန်းကသူတို့ဟာ အာကာသထဲကအမျိုး အမည်မသိတဲ့အလင်းရောင်တန်းကြီးနဲ့ အချိန်ဆီကိုပျံသန်းသွားကြတယ်လို့ခံစားမိပါကြောင်းနှင့်စာအုပ် ပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကျော်သူရ ပြန်/ဆက်