လဲချားမြို့နယ် အ-မ-က(ဟိုဖိုင်) ကျေးရွာကျောင်းတွင် ကျောင်းကျန်းမာရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

လဲချား စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (နောင်ပန်)ကျေးရွာကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်ရာတွင် လဲချားမြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇင်မောင်နွယ် ဦးဆောင်သောအဖွဲ့သည် အခြေခံပညာမူလတန်း(ဟိုဖိုင်) ကျေးရွာကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ၊ ကျောင်းသား/ သူများအား သန်ချဆေးတိုက်ကျွေးခြင်း အစာအာဟာရမျှတစွာ စားသုံးမှုအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ်၊ ပြန်/ဆက်)