ခန္တီးမြို့၌ စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းနှင့် ပတ်သက်၍ ကျောင်းသား/သူလေးများအား အသိပညာပေး ဟောပြောပွဲပြုလုပ်

ခန္တီး စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က အ.ထ.က(ခွဲ) မြို့မကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ခန္တီးခရိုင်ပညာရေးမှူး ဒေါ်လှလှမြင့်က အဖွင့်အမှာစကားပြောကြားပြီး အစိုးရစက်မှု လက်မှု သိပ္ပံ(ခန္တီး)၊ ကျောင်းအုပ်ကြီး ဒေါက်တာ ဉမ္မာဝင်းက စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ အစိုးရမှတက်ရောက်မည့် ကျောင်းသား/သူလေးများအား ထောက်ပံ့ပေးမှုနှင့် ပတ်သက်သည်များကိုလည်းကောင်း၊ အခွင့်အလမ်းများနှင့် ပတ်သက်သည်များကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ရာ အ.ထ.က(ခွဲ)မြို့မ၊ ကျောင်းအုပ်ဆရာကြီး ဉီးဗင်ဇော်ရာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။

အဆိုပါ ဟောပြောပွဲသို့ အ.ထ.က(ခွဲ)မြို့မမှ ကျောင်းသား/သူ ၄၀၀ ဦး တက်ရောက်ခဲ့ကြပြီး စိတ်ပါဝင်စားစွာနား ထောင်ခဲ့ကြရာ စက်မှု စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းအား Grade-9 စနစ်သစ် အောင်မြင်ထားသော ကျောင်းသား/သူများ တက်ရောက်နိုင်ပြီး နိုင်ငံတဝှမ်းရှိ ခရိုင်/ မြို့နယ်များ၌ ၂၀၂၃-၂၀၂၄ ပညာသသင်နှစ်တွင် စုစုပေါင်း (၅၁)ကျောင်း ဖွင့်လှစ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ၇၆ ကျောင်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ထပ်မံဖွင့်လှစ်မည့် ခန္တီးမြို့၊ အ.ထ.က (ဆင်သေ)ကျောင်းနှင့် အ.ထ.က(ဟုမ္မလင်း)ကျောင်းများ ပါဝင် ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)