ကြံခင်း စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့မဈေးတွင် ယမန်နေ့ နံနက်ပိုင်းက စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ပြည်သူများအား လက်လီအမှန် ရောင်းချပေးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘက်ရဲမြို့အုပ်ချုပ်ရေးမှူးဦးအောင်ကိုကို ဦးဆောင်သော အဖွဲ့များက ဘက်ရဲမြို့မဈေးအတွင်းရှိ ကုန်စုံအရောင်းဆိုင်(၅)ဆိုင်နှင့် ဈေးအပြင်ရှိ ကုန်စုံဆိုင် (၄)ဆိုင်များအား စားအုန်းဆီပိသာချိန် (၂၀)စီအား ဖြန့်ဝေပေးခဲ့ပြီး ဒေသနေ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ညွှန်းဈေး (၅၂၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၂၀)ကျပ်သား လက်လီရောင်းချပေးခြင်း ရှိ/မရှိနှင့် သိုလှောင်သိမ်းဆည်းထားခြင်း မရှိစေရေး၊ အမှန်ရောင်းချပေးရေးအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)