ကျိုက်လတ်၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေး

ကျိုက်လတ် စက်တင်ဘာ ၁၈

ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျိုက်လတ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံ ပေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၉)နာရီက စတင်ဆောင်ရွက်ခဲ့သည်။

ယခုကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံပေးနေခြင်းအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ယနေ့ထိုးနှံပေးသည့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးသည် အရွယ်ရောက် အမျိုးသမီးများအတွက် ၉၅ ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း သိရသည်။ ကျိုက်လတ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၈၈)ကျောင်းမှ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူ (၂၄၀၀)ကျော်အား ဆေးထိုးစုရပ် (၆၈)ခု၌ ကျန်းမာရေး ဆရာမများက ယနေ့ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရီရီမြင့်