မိုင်းဆတ်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲကျင်းပပြုလုပ်

မိုင်းဆတ် စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းတည့်(၁၂)နာရီခွဲက ကဗျာရွတ် ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ကျောင်းသူများ ဉာဏစွမ်းရည်နှင့် ကျောင်းစာအပြင် ဗဟုသုတရရှိစေမည့် ပြင်ပစာပေ များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။

အဆိုပါ ကဗျာရွတ်ပြိုင်ပွဲတွင် ..က(မိုင်းဆတ်)မှ ကျောင်းသား၊ကျောင်းသူ(၁၀)ဦးမှ ကြိုက်နှစ်သက်ရာကဗျာခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွား စေရန် စာအုပ်စာစောင်များကို နယ်လှည့်ငှားရမ်းပေးခြင်း၊ အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ပုံပြင်ပြောခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များနှင့် ပန်းချီပြိုင်ပွဲများ၊ အရုပ်ဆက်ပြိုင်ပွဲများ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ၊ ကဗျာရွတ်ပြိုင်ပွဲများနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)