မုဒုံ စက်တင်ဘာ ၃၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မီတာ (၄၀၀)ကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲကို တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှကင်းဝေးစေပြီး အားကစားလှုပ်ရှားမှုဖြင့် ပြည်သူတစ်ရပ်လုံး အားကစား၏အကျိုးကျေးဇူးကို သိမြင်နားလည်ခံစားတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကို စက်တင်ဘာ ၄ ရက်နေ့မှစတင်ကာ ရပ်ကွက်/ကျေးရွာပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်း(၁၄)တို့က အုပ်စု(၄)အုပ်စုဖြင့် စတင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဗိုလ်လုပွဲစဥ်တွင် မြို့မ(၁)အသင်းနှင့် မြို့မ(၄) အသင်းတို့ယှဥ်ပြိုင်ခဲ့ကြပြီး မြို့မ(၁)အသင်းက မြို့မ(၄) အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် မိနစ် ၉၀ အတွင်း အနိုင်ရဗိုလ်ဆွဲခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်နှင့်အဖွဲ့ဝင်များက တံခွန်စိုက်ဒိုင်းဆု (ပထမဆု)၊ ဒုတိယဆု၊ အကောင်းဆုံးအားကစားသမားဆု၊ ပွဲစဥ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု၊ တစ်ဦးချင်းအလိုက်ဆုများနှင့် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)