လက်ပံတန်းမြို့နယ်၌ ဆောင်းမြေပဲ ပန်းတိုင်ရည်မှန်းချက် ပြည့်မီကျော်လွန်ရေး ဆွေးနွေးပွဲကျင်းပ

လက်ပံတန်း စက်တင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ဆီထွက်သီးနှံဆောင်းမြေပဲ ပန်းတိုင် ရည်မှန်းချက် ပြည့်မီကျော်လွန်ရေးအတွက် မြေပဲစိုက်တောင်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေတွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က လက်ပံတန်းမြို့နယ်အတွင်း ဆောင်းမြေပဲသီးနှံ ပန်းတိုင်ရည်မှန်းချက် ပြည့်မီကျော်လွန်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်နှုန်းကောင်းမွန်ပြီး ဈေးကွက်ခိုင်မာမှုရှိသည့် အထွက်နှုန်းကောင်း ဗီယက်နမ်မြေပဲမျိုးများ ဖြန့်ဖြူးဆောင်ရွက်ပေးမည့်အခြေအနေများကို ရှင်းလင်းပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဉာဏ်မြင့်က စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် လက်ပံတန်းမြို့နယ် နတ်စင်ကုန်းကျေးရွာမှ ဗီယက်နမ်မျိုးစိုက်ပျိုးတောင်သူ ဦးသန်းအေးက ဗီယက်နမ်မြေပဲမျိုးစိုက်ပျိုးခြင်းဖြင့် လက်တွေ့အကျိုးဖြစ်ထွန်းမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှုအပေါ် တက်ရောက်လာသည့် မြေပဲစိုက်တောင်သူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

လက်ပံတန်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ဆီထွက်သီးနှံဆောင်းမြေပဲ ဧက ၄၃၅၇ စိုက်ပျိုးနိုင်ရေး ရည်မှန်းချက်ထားရှိပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီကျော်လွန်ရေးအတွက် မျိုးကောင်းမျိုးသန့်များအား တောင်သူများလက်ဝယ်သို့ ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)