ရွှေကျင်မြို့၌ ကျောင်းသား၊ ကျောင်းသူလေးများအား ကလေးအလုပ်သမား‌လျှော့ချရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေကျင် အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် သောင်လယ်ကျေးရွာ အခြေခံပညာမူလတန်း(လွန်) မဒေါက်ကလေးကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမား‌လျှော့ချရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးဦးအောင်ပြည့်ဖြိုးက အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြိုနယ်ဦးစီးအရာရှိ ဒေါ်သဲစုအောင်က ကလေးလုပ်သားဆိုတာဘာလဲဆိုသည့်အကြောင်းအရာများ၊ ကလေးလုပ်သား ဘယ်လိုပေါ်ပေါက်လာသည်ဆိုသည့် အကြောင်းအရာများကို ဟောပြောပေးခဲ့ပြီး ရွှေကျင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အကြီးတန်းစာရေး ဦးဇင်ကိုအောင်က ကလေးလုပ်သားများကို မည်သို့ဖြေလျှော့ရမည့်နည်းလမ်းများအကြောင်း၊ ကလေးလုပ်သားများ၏ လုပ်ငန်းခွင်အန္တရာယ်များအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကာ ကလေးအလုပ်သမား‌လျှော့ချ‌ရေးအကြောင်း သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်များနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေမည့် သုတ/ရသစာအုပ်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း/ကော်မတီများမှ ထုတ်ဝေသည့် ရုပ်ပြ၊ ကဗျာစာအုပ်များကိုပြသခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးအလုပ်သမား‌လျှော့ချရေး အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)