သတင်းများ

ပဲတိုင်ထောင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူတို့ အဆင်ပြေ
Oct 02,2023
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာ၌ ပဲတိုင်ထောင် စိုက်ခင်းများကို စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ ပဲတိုင်ထောင် စိုက်ပျိုးရောင်းချသူ ကိုဌေးအောင်ထံမှ သိရသည်။
သံဖြူဇရပ်၌ မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်းသိကောင်းစရာ အသိပညာပေးဟော ပြောပွဲကျင်းပ
Oct 02,2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ မွေးမြူရေးနှင့် အယ်လ်နီညိုအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က ပငကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။
တာမွေမြို့နယ်တွင်အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်
Oct 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉:၀၀နာရီအချိန်က တာမွေမြို့နယ်ရှိ ကျောက်မြောင်းမီးသတ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျေးရွာများသို့ တိုင်းရင်းဆေးများဖြင့် ပြည်သူများအား(အခမဲ့)ကွင်းဆင်းကုသ
Oct 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ယမန်နေ့က တိုင်းရင်းဆေးပညာဖြင့် အင်္ဂလုံးကျေးရွာသို့ (အခမဲ့)ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်၊၊
ညောင်ဦးမြို့နယ် သူကောင်းတည်လျှပ်စစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့်မိုးစပါး ၃၂၄ ဧက အောင်မြင်ဖြစ်ထွန်း
Oct 02,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်မှပေးလွှတ်သော သူကောင်းတည်လျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် မိုးစပါး ၃၂၄ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများထံက သိရသည်။
မှော်ဘီမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို မှော်ဘီမြို့နယ်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။
ကျောက်တန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အဖြစ် ဘိုးဘွားများအားလှူဒါန်းသောအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ
Oct 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အတွက် ကျောက်တန်းဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများထံ လှူဒါန်းသောအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက ကျောက်တန်းမြို့၊ ပါဒကြီး(စံပြ)ကျေးရွာရှိကျောက်တန်းဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးမိတ်မြို့နယ်တွင်  အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်
Oct 02,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းကို အောက်တိုဘာ ၂ ရက် နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။