မိုးမိတ် အောက်တိုဘာ ၂ ရက်
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းကို အောက်တိုဘာ ၂ ရက် နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်က “ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဦးတည်တက်လမ်းနေတဲ့အချိန်မှာ လိုအပ်တဲ့ပြုပြင်ပြောင်လဲမှုတွေကို လုပ်ဆောင်နေသလို မီးသတ်တပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးတို့ဘဲဖြစ်ပါတယ်ဟု” ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦဇော်မော်က “မီးသတ်လုပ်ငန်းတွေဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရတဲ့အခါမှာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ခေတ်မီပစ္စည်းကိရိယာများကို ကိုင်တွယ်အသုံးချနိုင်စေရန်တို့အတွက် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းကာလမှ အောက်တိုဘာ ၂ ရက်နေ့မှ ၂၇ ရက်နေ့အထိဖြစ်ပြီး သင်တန်းသားဦးရေမှာ ၅၀ ဖြစ်ကြောင်း”ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသားများအား တူညီဝတ်စုံဝတ်ဆင်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦဇော်မော်တို့က သင်တန်းသားဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူဌေး(ခရိုင်ပြန်/ဆက်)