ကျောက်တန်း အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အတွက် ကျောက်တန်းဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများထံ လှူဒါန်းသောအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက ကျောက်တန်းမြို့၊ ပါဒကြီး(စံပြ)ကျေးရွာရှိကျောက်တန်းဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို ကျောက်တန်းဘိုးဘွားရိပ်သာရှိအဘိုးအဘွားများနှင့်တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်ပြီး ကျောက်တန်းဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးထွန်းဝေက အဖွင့်အမှာစကားပြောကြားကာ ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီဝင်မှ ဘိုးဘွားရိပ်သာတွင်ဆောင်ရွက်နေသောလုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်သန်းထွန်းက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ပြီးနောက် ဘိုးဘွားများထံဂုဏ်ပြုလက်ဆောင်များ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ အဘိုးအဘွားများအလှူရှင်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်ဆက်)