မှော်ဘီ အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို မှော်ဘီမြို့နယ်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင် က မှော်ဘီမြို့နယ်အတွင်းရှိ အရမ်မီးသတ်တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေးစွမ်းရည်၊ မီးငြိမ်းသတ်ရေးစွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပြည့်ဝစေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး လက်တွေ့သရုပ်ပြလေ့ကျင့်ကြကြောင်း သိရသည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းကို ဿ်တန်းသား (၅၀) ဦး ဖြင့် အောက်တိုဘာ ၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းတွင်မီးသတ် ပညာဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးပညာဘာသာရပ်နှင့် ရှေးဦးသူနာပြုစုခြင်းဘာသာ ရပ်များကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲသို့ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင်၊ ခရိုင်ပညာရေးမှူး ဦးအေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ပြည့်စုံကျော်၊ အဖွဲ့ဝင် (၂) ဦးဝင်းစိုး၊ အဖွဲ့ဝင်(၃) ဦးကျော်ကျော်လွင်၊ မီးသတ်ဦးစီးမှူး ဦးကျော်ခိုင်စိုးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)