ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျေးရွာများသို့ တိုင်းရင်းဆေးများဖြင့် ပြည်သူများအား(အခမဲ့)ကွင်းဆင်းကုသ

ကွမ်းခြံကုန်းမြို့ အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ယမန်နေ့က တိုင်းရင်းဆေးပညာဖြင့် အင်္ဂလုံးကျေးရွာသို့ (အခမဲ့)ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်၊၊

အဆိုပါ ကွင်းဆင်းဆေးကုသမှု ကွမ်းခြံကုန်းမြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိုင်နှင့်ဆေးခန်းအကူဒေါ်နန်းရွှေဌေးက တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုပေးခဲ့ပြီး မိုးရာသီကာလတွင်ဖြစ်ပွားတတ်သော  ရောဂါများအကြောင်းဟောပြောခဲ့ရာ ရွာသူရွာသားများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ဝေဝေနိုင်က တိုင်းရင်းဆေးဖြင့် ဒူးနာ၊ ခါးနာ၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ မီးယပ်၊ လေဖြတ်လေငန်း၊ ကြီးပေါင်းရောဂါစသည့် လူနာ(၅၆)ဦးတို့အား အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဆွေနွယ်(IPRD)