ဖလမ်းမြို့၌ မြေပြိုမှုဖြစ်ပွားသည့် လမ်းနှင့်လူနေအိမ်များ ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များကူညီဆောင်ရွက်ပေး
Oct 04,2023
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အောက်တိုဘာလ ၄ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားသည့် လမ်းနှင့်လူနေအိမ်များအား မီးသတ်တပ်ဖွဲ့ဝင်များ၊ လမ်းဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲ ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက မြေစာများဖယ်ရှားခြင်း၊ အမှိုက်များသိမ်းဆည်းခြင်း၊ မိုးကာများဖုံးအုပ်ခြင်းတို့ဆောင်ရွက်မှုများကို ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဇော်လတ်နှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။