ပင်းတယမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပင်းတယ  အောက်တိုဘာ  ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ကျင်းပသည်။

 ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က စာဖတ်ခြင်းအကျိုးကျေးဇူးကို ပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းခတ္တာမောင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ အသိပညာပေးပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းပြုလုပ်ပေးခြင်း၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် သုတ၊ ရသစာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်သက်ဆိုင်သည့် နံရံကပ်စာစောင်များအား ပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး (ပြန်/ဆက်)