မုံရွာ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် (အမျိုးသား)ဆံသ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း အတွင်းရှိမိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လူငယ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပါကြောင်း၊ လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ အတွက် အတက်ပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် လူငယ်များအလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျော့ချစေရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ အတက်ပညာသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်နေခြင်းဖြစ်ပါ ကြောင်း၊ သင်တန်းသို့တက်ရောက်ကြသည့် သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချပေး မည့် အတက်ပညာရပ်များကို စိတ်ပါဝင်စားစွာဖြင့် စာတွေ့၊ လက်တွေ့ လေ့လာသင်ယူမှတ်သား ကြရန်နှင့် သင်တန်းမှ ချမှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများကိုလည်း လိုက်နာကာ သင်တန်းပျက်ရက်မရှိအောင် တက်ရောက်ပေးသွားကြရန် မှာကြားလိုပါကြောင်း၊ တာဝန်ရှိသူ များအနေဖြင့် လည်း တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းတာဝန်များကို အပြည့် အဝအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေး သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းနည်းပြထံ ဂုဏ်ပြုဆုငွေနှင့် သင်တန်းသားများအတွက် စားစရိတ်ထောက်ပံ့ငွေကျပ် - ၁၇၀၀၀၀၀ (တစ်ဆယ်ခုနှစ်သိန်း)ကျပ်နှင့် ဆံသ အသုံးပြုပစ္စည်း (Set box) များအား သင်တန်းသားများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသားများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းခန်းမအတွင်း ပြသထားသော ဆံသသင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး သင် တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြ သည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီး ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် (အမျိုးသား)ဆံသ သင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၅ ခု နှင့် ဌာနဆိုင်ရာ ၈ ခုမှ သင်တန်းသား စုစုပေါင်း ၃၀ ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်း ကာလ ၁၁ ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သင်တန်းသားတစ်ဦးလျှင် ငွေကျပ် - ၇၀၀၀၀ (ခုနှစ်သောင်းကျပ်) တန်ဖိုးရှိ ဆံသအသုံးပြုပစ္စည်း (Set box) တစ်စုံစီအား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ ကောက်ကွက် ၂ ကွက်အား အဖွဲ့ ၅ ဖွဲ့ခွဲကာ စမ်းသပ်သန်းခေါင် စာရင်း ကောက်ယူနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရပ်ကွက် နေပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)