မုံရွာမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၃၈၀၂ ဧက စိုက်ပျိုးပြီးစီး

မုံရွာ  အောက်တိုဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၃၈၀၂ ဧက စိုက်ပျိုးပြီးစီး ပြီဖြစ်ကြောင်း မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးသက်အောင် က ပြောပြ၍ သိရသည်။

မုံရွာမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၃၇၉၈ ဧကကို ဇွန်လပထမပတ်က စတင်၍ လျာထားစိုက်ပျိုးခဲ့ရာ ယနေ့တွင် လျာထားချက်ထက်ကျော်လွန်စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မုံရွာမြို့နယ်မှာ “မိုးစပါး ၃၇၉၈ ဧကကို လျာထားစိုက်ပျိုးခဲ့ရာမှာ လျာထက်ချက်ထက်ကျော် လွန်စိုက်ပျိုးနိုင်ဖို့ လိုအပ်တဲ့အကူအညီတွေနဲ့ နည်းပညာတွေကိုဆောင်ရွက် ပေးခဲ့တယ်။ မိုးစပါးတွေ လျာထားချက်ပြည့်မီစေဖို့ အခက်အခဲမရှိစိုက်ပျိုးနိုင်ဖို့လုပ်ငန်းတွေကို စိုက်ပျိုးရေးဦးစီးဌာနက မြေပြင်ထိ ကြိုတင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ လက်ရှိ မိုးစပါးတွေ အားလုံး ရာနှုန်းပြည့်‌ကျော်လွန်စိုက်ပျိုးပြီးစီးပါပြီ။ မိုးစပါးတွေလဲ တစ်ဧကပျမ်းမျှ တင်း ၁၀၀ ကျော်ထိထွက်ရှိအောင်  ပြင်ဆင် စိုက်ပျိုးထားပါတယ်”ဟု ဘုတလင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးသက်အောင် က ပြောပြသည်။

မုံရွာမြို့နယ်တွင် မိုးစပါးဧက ၃၇၉၈လျာထားစိုက်ပျိုးလျက်ရှိရာတွင် မျိုးကွဲစပါးများအဖြစ် ဧရာမင်း ၂၀၀ ဧက၊ ဆင်းသုခ ၃၅၇၂ ဧက၊ GW-11 ၃၀ ဧက စုစုပေါင်းစပါး ၃၈၀၂ ဧက ၊  ၁၀၀ ဒသမ ၁၁ ရာခိုင်နှုန်း စိုက်ပျိုးပြီးစီပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ မိုးစပါး ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဦးစီး ဌာနက အရည်အသွေးကောင်းမျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုး ထုတ်လုပ်နိုင်ရန်၊ စပါးမျိုးစေ့အသုံး ပြုမှုမှန်ကန်စေရန်၊ ဓာတ်မြေဩဇာ စနစ်တကျ အသုံးပြုတတ်စေရန်၊ဓာတ်မြေဩဇာအစားထိုး သစ်စိမ်း မြေဩဇာများ အသုံးပြုစိုက်ပျိုးနိုင်ရန် စသည့်နည်းစနစ်များကို လယ် မြေများထိ ကွင်းဆင်းဆောင်ရွက်  ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)