တန့်ယန်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းအထောက်အကူပြုသင်တန်း ဖွင့်လှစ်

တန့်ယန်း အောက်တိုဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ကြီးမှူးကာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း အထောက်အကူပြုသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက နမ့်ဟူးလွယ်ကာ ကျေးရွာအုပ်စု ဘက်စုံခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှစိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသော်မင်းထိုက်က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း၏ အထောက်အကူပြုသင်တန်း ဖွင့်လှစ်ပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားကာ သင်တန်းဆိုင်ရာများကို ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေး ပို့ချခဲ့ကြောင်း သိရသည်။         

မင်းလွင်ဦး(ပြန်/ဆက်)