လွိုင်လင်မြို့၊ ဟိုခိုက်ကျေးရွာတွင် အမျိုးသမီးစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

လွိုင်လင်  အောက်တိုဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အမျိုးသမီးများဝင်ငွေတိုးပွားရေးအတွက် (အခြေခံမွမ်းမံစက်ချုပ်နည်းပညာ) သင်တန်းဆင်းပွဲကို ဟိုခိုက်ကျေးရွာဓမ္မာရုံ၌ ယနေ့ နံနက် (၁၀)နာရီက ကျင်းပပါသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကံစောလှိုင်က သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှု ဦီးလင်းထင်က သင်တန်းနှင့်ပတ်သက်ပြီး ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ခင်လှိုင်းဝေ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်ရီရီတင့်တို့က စက်ချုပ်အချောထည်များကို ပေးအပ်ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ၊ မြို့နယ်ဥက္ကဌ ဦးသိန်းထွဋ်နှင့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသူများ ချုပ်လုပ်ထားသည့် အချောထည်များကို ကြည့်ရှု့အားပေးပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

အဆိုပါ အမျိူသမီးစက်ချုပ်နည်းပညာသင်တန်းသို့ သင်တန်းသူ ၁၀ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ (၄၅)ရက် ကြာမြင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)