စလင်း အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၃ခုနှစ် မေလ(၁၉)ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာနောက်ဆုံးပတ်၌ ငွေကျပ်(၆၆၇၁၀၀၀၀၀)ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
မိုးရာသီစိုက်ပျိုးစရိတ်များကို ထုတ်ချေးပေးရာတွင် စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၁၀)နှင့် ကျေးရွာအုပ်စု(၉၁)အုပ်စုမှ တောင်သူ(၁၀၄၃၈)ဦးတို့၏ မိုးရာသီစပါးစိုက်ပျိုးဧကပေါင်း(၃၁၇၃၈)ဧက၊ ပဲတီစိမ်း(၁၁၃၁၈)ဧက၊ နှမ်း(၅၈၆၀)ဧက၊ မြေပဲ(၂၀၃)ဧက၊ ချည်မျှင်ရှည်ဝါ(၁၆၈၃)ဧက၊ စုစုပေါင်းစိုက်ပျိုးဧက(၅၀၈၀၂)ဧကအတွက် စုစုပေါင်းငွေကျပ်သိန်း(၆၆၇၁၀၀၀၀၀)ကို ထုတ်ချေးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
(မောင်လွင်)စလင်း